Revamp : House of Kachin Textiles Office (Burmese Version)

RIDA Office_16'96 Concepts Yangon Furniture
 
 

The Ask

RIDA House of Kachin Textiles ဆိုတာဆန်းသစ်လှပတဲ့ကချင်ရိုးရာ လက်ရက်ကန်းအထည်များကို online ကနေရောင်းချပေးနေတဲ့ ဆိုင်တစ်ဆိုင်ပါ။

RIDA ကနေမှ အဝတ်အထည်လေးတွေကိုစနစ်တကျထားသိုလိုတဲ့အတွက်ကြောင့်ဆယ့်ခြောက်ကိုးဆယ့်ခြောက်ကိုဆက်သွယ်ပြီးအထည်များကိုတစုတစည်းတင်ထားနိုင်စေမယ့်အပြင်ဆိုင်ရှိအထည်တွေရဲ့အလှကိုပြသရာမှာပိုမိုပေါ်လွင်စေမယ့်ဆွဲဆောင်မှုရှိသော စင်များကိုပြုလုပ်ပေးရန်အတွက်တောင်းဆိုခဲ့ပါတယ်။

ရိုးရှင်းသော်လည်းခေတ်ဆန်သည့်အသွင်မျိုးရှိတဲ့ အတူတစ်ကွအလုပ်လုပ်နိုင်တဲ့နေရာတစ်ခုကိုလည်းဖြစ်စေချင်တယ်လို့ RIDA ကတောင်းဆိုခဲ့ပါတယ်။

 
 
IMG_9290.jpg
IMG_9241.jpg
 
 

Journey

ဆယ့်ခြောက်ကိုးဆယ့်ခြောက်အဖွဲ့သားများကိုယ်တိုင် RIDA သို့သွားရောက်လေ့လာပြီးနေရာအနေအထားနဲ့အလိုက်ဖက်ဆုံးဖြစ်မဲ့ဒီဇိုင်းများကိုစဉ်းစားပေးခဲ့ပါတယ်။သေသေချာချာလေ့လာကြည့်ပြီးတဲ့နောက် RIDA ဖက်ကလိုချင်တာကိုပြောပြတဲ့အခါ ကျယ်ပြန့်တယ်လို့ထင်ရပေမဲ့ သူတို့ပုံဖော်ချင်တဲ့ ရုံးခန်းပုံစံကလဲ သေချာရှိနေပြန်တယ်။

မည်သည့်project အကြီးအသေးအတွက်မဆို ကျွန်တော်တို့ဟာ client ရဲ့အမြင်နဲ့ကိုက်ညီမဲ့ mood boardsအမျိုးမျိုးကိုရေးဆွဲပေးပါတယ်။ ထိုနည်းတူစွာ RIDA အတွက်လည်း သက်ဆိုင်ရာပုံရိပ်ကိုထင်ဟပ်စေမယ့် mood boards အမျိုးမျိုးကိုရေးဆွဲပြီးတဲ့နောက်မှာ စိတ်ကြိုက် ရွေးခြယ်စေခဲ့ပါတယ်။အကောင်းအဆိုးဘက်ပေါင်းစုံကနေစဉ်းစားချင့်ချိန်ပြီးတဲ့နောက်ဆုံးမှာတော့မြန်မာဆန်ပြီးဆန်းသစ်တဲ့ဒီဇိုင်းပုံစံကိုရွေးခြယ်ဖြစ်ခဲ့ပါတယ်။

 
 
RIDA Office_16'96 Concepts_Kayay Stool
RIDA Office_16'96 Concepts_Shwe Eainsi Mirror
 

အထည်တွေရဲ့အဆင်အသွေးနဲ့အလှတရားကိုပိုမိုပေါ်လွင်စေရန်နဲ့အတူဝယ်ယူသူတွေရဲ့အမြင်ကိုဖမ်းစားနိုင်ဖို့အတွက်ရည်ရွယ်ပြီးကျွန်တော်တို့ဆယ့်ခြောက်ကိုးဆယ့်ခြောက်ရဲ့ရိုးရှင်းထည်ဝါတဲ့ဇောတိကစင်ကိုအသုံးပြုရန်အတွက်အကြံပြုခဲ့ပါတယ်။ အလုပ်လုပ်ရန်နေရာအတွက်ကိုတော့မိုးညင်းသတိုးကိုရွေးခြယ်ပေးခဲ့ပါတယ်။ မိုးညင်းသတိုးရဲ့ဆွဲဆောင်မှုကတော့ ရိုးရှင်းတဲ့မျက်နှာပြင်နဲ့အမြင်ဆန်းတဲ့ခြေထောက်ပုံစံကိုပေါင်းစပ်ထားတဲ့ဒီဇိုင်းပါ။နောက်ဆုံးမှာတာ့ RIDA ရဲ့ပုံရိပ်ကိုပြီးပြည့်စုံစေရန်အတွက်ရှေးမြန်မာဟန်နဲ့အတူခေတ်ပြိုင်ပုံရိပ်ကိုတပြိုင်နက်တည်းထင်ဟပ်ပေးနိုင်စေတဲ့ဆယ့်ခြောက်ကိုးဆယ့်ခြောက်မှအသစ်ထုတ်လုပ်ထားတဲ့ရွှေအိမ်စည်ကိုယ်လုံးပေါ်မှန်ကိုထည့်သွင်းပေးခဲ့ပါတယ်။

 
 

ကျွန်မတို့ရဲ့အလုပ်နေရာလေးကို ပျော်ရွှင်မှုတွေပေးနိုင်တဲ့နေရာ စိတ်ကူးဉာဏ်အသစ်တွေကိုဖော်ဆောင်နိုင်မယ့်နေရာလေးတစ်ခုဖြစ်ဖို့ရည်ရွယ်ပါတယ်။ညီညွတ်ကောင်းမွန်တဲ့အဖွဲ့အစည်းကောင်းတစ်ခုဖြစ်လာဖို့အတွက်ဆိုရင်တော့အလုပ်ခွင်မှာပျော်ရွှင်ဖို့ရာကအရေးကြီးဆုံးအချက်တစ်ချက်ပါပဲ။

Hkyet Seng Htoi Pan, CEO

RIDA ရဲ့ရုံးခန်းဟာအလုပ်လာတဲ့သူတွေအတွက်သာမကအပြင်မှလာတဲ့ဧည့်သည်များနှင့်တကွ မည်သူ့အမြင်တွင်မဆိုထူးခြားပြီးRIDA ရဲ့ကိုယ်ပိုင်အရိပ်အသက်ပေါ်လွင်စေအောင်ဆယ့်ခြောက်ကိုးဆယ့်ခြောက်အဖွဲ့သားများကအထူးတာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။

 
RIDA Team_16'96 Concepts_yangon furniture

Photography by Htoo Aung Kyaw Studio