asian oak.jpg

သစ်များ

ရာဘာသစ်

ကျွန်တော်တို့ပရိဘောဂတွေကိုတော့ ပတ်ဝန်းကျင်ကိုလည်းမထိခိုက်၊ အကြမ်းလည်းခံတဲ့ ရာဘာသစ် အသုံးပြုပြီးပြုလုပ်ထားပါသည်။ ရာဘာပင်တွေ နှစ်၃၀ လောက်ရောက်လာတော့ရာဘာစေးထွက်နှုန်းကျလာပြီး ရိတ်သိမ်းသူတွေလည်းအများအပြားရိတ်သိမ်းလို့မရတော့ပါဘူး။ ထုတ်လုပ်နိုင်မှုသက်တမ်းကျော်သွားတဲ့ ရာဘာပင်တွေကိုတော့မီးမွှေးတယ်။ လောင်စာအဖြစ်အသုံးပြုတယ်။ ဒါကြောင့်ရာဘာသစ်သည် လောင်ကျွမ်းခြင်းမှ ညစ်ညမ်းမှုလျော့နည်းစေပြီး ပြန်လည်သုံးစွဲလို့လည်းရသည်။ ပိုးမွှားနှင့်မှိုတို့ဒဏ်ကိုလည်းကြာရှည်ခံနိုင်ပြီး သူ့ရဲ့ grain တွေကပရိဘောဂအရည်အသွေးအတွက် အထူးသင့်လျော်ပါသည်။

ကျွန်းပင်တွေခုတ်လှဲမှုပမာဏနှင့်ညီတဲ့ပြန်လည်စိုက်ပျိုးမှုမရှိသေးသရွေ့ကျွန်းကိုမသုံးပါ။

ကျွန်းကို သစ်သားကြမ်းခင်းတွေ၊ တံခါးတွေ၊ ပရိဘောဂတွေအတွက်ကမ္ဘာ့အဆင့်မီသစ်သားလို့ ယူဆကြပါသည်။  ဒါပေမယ့် ကျွန်းပင်ရဲ့ကြီးထွားနှုန်းဟာအနှစ် ၈၀ မှ ၁၂၀ ထိကြာမြင့်တတ်တာကြောင့် အပင်ငယ်စဉ်ဘဝ မှာတင်ခုတ်လှဲခံရပါတယ်။ မြန်မာအစိုးရကသစ်ခုတ်ခြင်းမှ ၁၀နှစ် တားမြစ်ထားသော်လည်း တရားမဝင် ခုတ်လှဲခြင်းတွေကတိုးပွားလျက်ရှိပါသည်။ ကျွန်တော်တို့ 16'96 ကဥပမာအနေဖြင့် ဦးဆောင်ပြောင်းလဲချင်တဲ့အတွက်ကျွန်းကိုမသုံးပါ။

ကြိတ်သားမသုံးသောအကြောင်းရင်း

ချိုသာတဲ့ဈေးနှုန်းကြောင့်ရယ်၊ အလေးချိန်ပေါ့တဲ့အတွက်ကြောင့်ရယ် ကြိတ်သား၊ ပေါင်းသား၊ ကြိတ်ပေါင်းသားလို့သိကြတဲ့ MDF(Medium Density Fiberwood) ကိုပရိဘောဂပြုလုပ်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။ MDF တို့၊ Particle Board တို့ကစွန့်ပစ်ပစ္စည်းတွေ၊ သစ်သားစ၊ လွှစတို့ကို formaldehyde နှင့်အတူတကွပေါင်းစပ်ပြုလုပ်ထားတာပါ။ Formaldehyde ကကျန်းမာရေးထိခိုက်စေသော၊ ကင်ဆာဖြစ်သောသောပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့က MDF ကိုသုံးမယ်ဆိုရင် MDF ကိုဖြတ်သုံးတဲ့အခါ formaldehyde ပါတဲ့သစ်ဖုန်မှုန့်တွေက အလုပ်သမားတွေကို အန္တရာယ်ဖြစ်စေပါတယ်။ သတင်းကောင်းတစ်ခုကတော့ နည်းပညာတွေတိုးတက်လာတော့ formaldehyde မပါတဲ့ MDF တွေကို ကမ္ဘာ့ဈေးကွက်မှာရနေပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့အခုထိမရသေးပါဘူး။ ရတဲ့အခါ 16’96 ကအရင်ဆုံးပြေးဝယ်မှာပါ။


steel.jpg

Steel

ကျွန်တော်တို့ရဲ့ရွေးချယ်မှု

သံချေးမတက်ခြင်းနဲ့ပြန်လည်အသုံးပြုနိုင်ခြင်းတို့ကြောင့် galvanized steel ကိုအသုံးပြုပါတယ်။ Zinc coating ဖြင့် steel ကိုသံချေးမတက်စေဖို့၊ ခြစ်ရာမထင်စေဖို့အထောက်အပံ့ပေးပါတယ်။ Steel ရဲ့အရည်အသွေးနဲ့ခိုင်ခံ့မှု သာမက ခေတ်မီတဲ့သွင်ပြင်တို့ကြောင့်လည်း ကျွန်တော်တို့နှစ်သက်ပါတယ်။

Steel ရဲ့ကောင်းချက်၊ဆိုးချက်

Metals တွေကအိမ်တွေ၊ ရုံးခန်းနေရာတွေနဲ့ outdoors နေရာတွေအတွက် ပရိဘောဂပြုလုပ်တဲ့နေရာမှာ လူကြိုက်အများဆုံးဖြစ်လာပါတယ်။ ခိုင်ခံ့မှုရယ်၊ ကြာရှည်ခံတဲ့သက်တမ်းရယ်၊ ပြုလွယ်ပြောင်းလွယ်တဲ့ ထုတ်လုပ်မှုဖြစ်စဉ်တွေရယ်ကြောင့် 16'96 ကရွေးချယ်တာပါ။

ကျွန်တော်တို့စဉ်းစားထားသော အခြား metal များ

ပရိဘောဂပြုလုပ်ရာမှာ အသုံးများတဲ့ metal တွေကတော့ galvanized steel, aluminum, stainless steel, copper & brass တို့ဘဲဖြစ်ပါတယ်။Aluminumကလည်းသံချေးမတက်ပါဘူး။ ဒါပေမယ့်မြေဖြူရောင် အကြွင်းအကျန်တွေအဖြစ် oxidize ပါတယ်။ Aluminum ကို outdoor furniture တွေမှာ မကြာခဏ အသုံးပြုကြပါသည်။ Steel နဲ့ယှဉ်ရင်ပိုပေါ့ပြီးအကုန်အကျသက်သာပေမယ့် ကြာရှည်မခံပါဘူး။

Stainless steel ကတော့ Aluminum ထက်ပိုခိုင်ခံ့ပြီးမြန်မာအိမ်တွေမှာလည်းအများဆုံးတွေ့ရပါသည်။ Stainless steel က ပြောင်လက်တဲ့အသွင်ကိုပေးပြီး ရေစိုလည်းခံသည်။ ပေါ့လည်းပေါ့သည်။ ဒါကတော့ကျွန်တော်တို့ 16'96 ရဲ့ပရိဘောဂcollection တွေထဲမှာ ပါဝင်စေချင်တဲ့ steel တစ်မျိုးဖြစ်ပါသည်။

Steel ရဲ့ပတ်ဝန်းကျင်အပေါ်သက်ရောက်မှု

Steel and metal ထုတ်လုပ်မှုဖြစ်စဉ်အများစုကပတ်ဝန်းကျင်ကိုထိခိုက်စေပါတယ်။ဒီထုတ်လုပ်မှုဖြစ်စဉ်ကြောင့်   Steel စက်ရုံတွေက Slag waste တွေထုတ်၊ ရေအမြောက်အမြားကိုလည်းသုံးရ၍ လေထဲသို့အညစ်အကြေးနဲ့ carbon emission တို့ဖြစ်ပါသည်။ အခြား steel စက်ရုံလုပ်ငန်းတွေနဲ့ယှဉ်လျှင်တော့ galvanized steel အတွက်လိုအပ်တဲ့ လျှပ်စစ်အား၊ ရေအားတို့ အသုံးပြုမှုကနည်းပါတယ်။ 16'96 ရဲ့ရည်မှန်းချက်ကတော့ 2020 မှာ Leed-certified ဖြစ်တဲ့ steel mill တစ်ခုရှာပြီးသူတို့ထုတ်တဲ့steel ကိုဘဲသုံးချင်ပါတယ်။


glass.jpg

Glass

ပရိဘောဂမှာသုံးတဲ့ glass ကအန္တရာယ်ကင်းရမှာဖြစ်လို့ 16’96 က tempered glass ကိုရွေးပါတယ်။ Tempered glass ကပိုပြီးဆန့်နိုင်ပြီး မကျိုးပဲ့မပျက်စီးစေဘဲ အလွယ်တကူကွေးလို့ရပါသည်။ အကယ်၍ကျိုးသွားလျှင်လည်းအန္တရာယ်ရှိတဲ့အချွန်အတက်မျိုးမကွဲဘဲ အဆူးရှမရှိတဲ့ပုံစံကွဲပါသည်။ ပရိဘောဂမှာအသုံးပြုတဲ့ glass အမျိုးအစားတွေကတော့flat, annealed, sand-blasted, tinted, stained တို့ဘဲဖြစ်ပါသည်။ အကြမ်းခံတဲ့ glass ကတော့laminate နဲ့ tempered နှစ်မျိုးဘဲရှိပါသည်။ Tempered glass ကို ပုံမှန် glass အားပြန်လည်အပူပေးပြီးအအေးခံခြင်းဖြင့်ပြုလုပ်ထားပါသည်။ အဲ့လိုပြုလုပ်ခြင်းအားဖြင့် ပုံမှန် glass ရဲ့အရွယ်အစားနဲ့အထူထက်လေးဆခန့်ခိုင်မာစေပါတယ်။ Tempered glass က ခြစ်ရာလည်း မဖြစ်စေတဲ့အတွက်ကြာရှည်ခံပါတယ်။

Additional safety considerations

Glasss နဲ့ပရိဘောဂပြုလုပ်တဲ့အခါမှာ မှန်ကန်တဲ့အမျိုးအစားကိုရွေးချယ်ဖို့အရေးကြီးရုံသာမက မှန်ကန်တဲ့အထူကိုရွေးချယ်ဖို့လည်းလိုအပ်ပြီး glass တို့၊ metal တို့၊ wood တို့နဲ့ထိတဲ့အခါ ဘယ်လောက်အကြမ်းခံလဲဆိုတာလည်းစဉ်းစားဖို့လိုပါတယ်။ Glassကအကောင်းဆုံး တည်ငြိမ်နိုင်ဖို့လုံလောက်တဲ့ အထောက်အပံ့ဖြစ်လားဆိုတာ ကျွန်တော်တို့လည်းဂရုစိုက်ပါတယ်။

Aesthetic value

Glass ရဲ့ transparency element တွေပရိဘောဂမှာပါဝင်လာတာဟာ အခန်းကိုပိုကျယ်ပြီးပိုလင်းသလို ခံစားရတဲ့အတွက် ကျွန်တော်တို့နှစ်သက်ပါတယ်။ Glassကပရိဘောဂမှာအမြဲသုံးတဲ့ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ Glassရဲ့ရိုးရှင်းမှု၊ သပ္ပာယရှိမှုနဲ့ ခေတ်မီတဲ့ပုံစံတို့က ကြာရှည်ခံမှုနဲ့ခိုင်ခံ့မှုတို့ကိုလည်း မထိခိုက်တာကြောင့် 16’96 က glass ကိုရွေးချယ်ပါတယ်။


marble.jpg

Marble ထုတ်လုပ်မှု

Limestone ကအပူနဲ့ဖိအားတို့နဲ့ထိတွေ့ပြီး marble ဆိုတဲ့သဘာဝကျောက်တစ်မျိုးဖြစ်လာပါတယ်။ ဒီဖြစ်စဉ်ကြောင့် marble ကပေပေါင်းရာကျော်ရှည်ပြီး ထူတဲ့သဘာဝကျောက်ဖြစ်လာတယ်။ ကျောက်ကျင်းရှာတွေ့ြ့ပီးတာနဲ့ သဘာဝကျောက်ကို စစ်ဆေးပြီး ကိုယ်ပြုလုပ်လိုသောအရွယ်အစားကို ဖြတ်တောက်ပါတယ်။ Marble ထုတ်လုပ်မှုဖြစ်စဉ်က အခြား resources တွေကို မသုံးရဘဲ ကျောက်ကိုဖြတ်တဲ့အခါထွက်လာတဲ့ အပူနဲ့အညစ်အကြေးမှုန့်တွေကိုသန့်စင်ဖို့ ရေကိုအဓိကအသုံးပြုပါတယ်။ နည်းပညာတွေတိုးတက်လာတော့ အဲ့ဒီအသုံးပြုတဲ့ရေကိုလည်းပြန်လည်သုံးစွဲလာတဲ့အတွက် ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘဲ စီးပွားရေးအရလည်းတွက်ခြေကိုက်ပါတယ်။ ဒီအချက်တွေကြောင့် marble ကိုသဘောကျရတာပါ။

Marble ရဲ့ထူးခြားချက်

Marble တစ်ခုချင်းစီတိုင်းကထူးခြားပါတယ်။ သူ့ရဲ့ patterns တွေပတ်လည်မှာကြော့ရှင်းလှပမှုနဲ့ သူ့ရဲ့ခိုင်ခံ့မှု၊ မီးတို့၊ တိုက်စားတာတို့ကိုခံနိုင်မှုတို့ကလည်း marble ရဲ့ထူးခြားတဲ့အချက်တစ်ခုဘဲဖြစ်ပါတယ်။ Stoneရဲ့တည်နေရာပေါ်မူတည်ပြီး marbleရဲ့အရောင်တွေ၊ အရည်အသွေးတွေ၊ ဒီဇိုင်းတွေကလည်း ကွာခြားနိုင်ပါတယ်။ Marbleအများစုကိုတော့ Italy, Turkey, Greece, Brazil နဲ့ Iran တို့မှတူးဖော်ရရှိပါတယ်။

ထိန်းသိမ်းနည်း

Marble ရဲ့ density ကြောင့် ကြာရှည်ခံပေမယ့် နူးညံ့တဲ့အတွက်ကြောင့် wood တို့၊ glass တို့ထက် နည်းနည်းပိုဂရုစိုက်ရပါတယ်။ စွန်းရာ၊ ခြစ်ရာတွေလည်းဖြစ်စေနိုင်ပေမယ့်ဆပ်ပြာနဲ့ရေနွေးနဲ့ ပုံမှန်သေချာထိန်းသိမ်းထားမယ်ဆိုရင် ကြာရှည်ခံပါတယ်။ Marble စားပွဲတွေကို တစ်နှစ်တစ်ခါ coating ပြန်လုပ်ပေးဖို့ 16’96 ကအားပေးချင်ပါတယ်။