Solost-ist

Solost-ist aka So Ah သည် ငယ်စဉ်ကပင် အနုပညာကို စိတ်အားထက်သန်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ်မှသည် ရေဆေး ပန်းချီများကို စတင်ရေးဆွဲခဲ့သည်။ Solostist ၏ ပန်းချီရေးဆွဲသည့်လမ်းသွယ်မှာ လူတို့၏နက်ရှိုင်းသောစိတ်ခံစားချက်များအပေါ်မူတည်ထားလေ့ရှိပြီး post surrealism ရေးနည်းဖြင့်ရေးဆွဲလေ့ရှိသည်။ ရေးဆွဲသူသည် မရင်းနှီးသောသူများဆီမှ ကြားရသောစကား၊ ဇာတ်လမ်းများအား ခံစားနားထောင်၍ ၎င်းတို့ဆီမှ အထင်ရှားဆုံးသော စိတ်ခံစားချက်တစ်ခုအား ပေါ်လွင်စေကာ ပန်းချီကားအများစုကိုရေးဆွဲလေ့ရှိသည်။