Perks that Go Beyond the Price (Burmese Version)

 
Click to read in English

ဆယ့်ခြောက်ကိုးဆယ့်ခြောက်က ပရိဘောဂပြုလုပ်ရောင်းချပါတယ်။ ဒါတင်မကသေးပါဘူး။

ဆယ့်ခြောက်ကိုးဆယ့်ခြောက်မှာ ဈေးဝယ်ထွက်ရင်းနဲ့ သာလွန်တဲ့အကျိုးခံစားခွင့်တွေကို ဘယ်လိုရယူနိုင်လဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး..

 
 

Free shipping - အိမ်တိုင်ရာရောက်အခမဲ့ပို့ဆောင်မှု

ဆယ့်ခြောက်ကိုးဆယ့်ခြောက် မှာဈေးဝယ်ရင် အခမဲ့ပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုကိုရယူနိုင်ပါတယ်။ သေးငယ်တဲ့ပစ္စည်းတွေကနေကြီးမားတဲ့ပစ္စည်းတွေအထိ ကျွန်တော်တု့ိဆီကနေဝယ်ယူလိုက်တာနဲ့ သင့်ဆီကိုအိမ်တိုင်ရာရောက်အခမဲ့ပို့ဆောင်ပေးမှာဖြစ်တဲ့အတွက်ကြောင့် သင့်အနေနဲ့စိတ်ကြိုက်ဒီဇိုင်းကိုသာ စိတ်သက်သက်သာသာရွေးခြယ်လိုက်ပါ။

 

Free returns - ပြန်လည်အပ်နှံနိုင်ခြင်း

ပရိဘောဂတွေဆိုတာ မိမိကိုယ်တိုင်မြင်တွေ့ကိုင်တွယ်ကြည့်ပြီးဝယ်ယူချင်ကြတယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆယ့်ခြောက်ကိုးဆယ့်ခြောက် မှာပြုလုပ်ထားတဲ့ ဝယ်ယူတဲ့အခါ စိတ်တိုင်းမကျခဲ့လိုရှိရင်  ၁၀ရက်အတွင်းပြန်လည်အပ်နှံနိုင်တဲ့ဝန်ဆောင်မှုကိုရရှိနိုင်ပါတယ်။ ဝယ်ယူပြီး၁၀ရက်အတွင်းမှာဘောက်ချာနှင့်တစ်ကွပြန်လည်အပ်နှံနိုင်ပါကပစ္စည်းတန်ဖိုးအတိုင်းငွေပြန်အမ်းပေးမှာပဲဖြစ်ပါတယ်။


Free Shipping & Returns_16'96 Concepts.png
 
 

CUSTOM DIMENSIONS - စိတ်ကြိုက်မှာသည့်အတိုင်းအသေးစိတ်ပြုလုပ်ပေးခြင်း

ကျွန်တော်တို့ ဆယ့်ခြောက်ကိုးဆယ့်ခြောက် ရဲ့ထုတ်ကုန်များအားလုံးရဲ့ ပြသထားတဲ့ သတ်မှတ်ချက်အတိုင်းမဟုတ်တဲ့ အရွယ်အစားများကိုလည်းသင့်စိတ်ကြိုက်မှာယူနိုင်ရန်ဆောင်ရွက်ပေးပါတယ်။ သင်လိုအပ်တဲ့အတိုင်းအတာအတိုင်းရရှိနိုင်ဖို့အတွက် ကျွန်တော်တို့နဲ့အသေးစိတ်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။


 
 
 

365 Days Guarantee - တစ်နှစ် အာမခံရရှိနိုင်ခြင်း

ဆယ့်ခြောက်ကိုးဆယ့်ခြောက် ကဝယ်ယူမှုတိုင်းအတွက် တစ်နှစ်အာမခံ ဝန်ဆောင်မှုကိုရရှိနိုင်ပါတယ်။ စတင်ပို့ဆောင်သည့်နေ့မှတစ်နှစ်အတွင်း လုပ်ငန်းသုံးမဟုတ်တဲ့ထိခိုက်ပျက်စီးမှုတွေအတွက် အာမခံအကျုံးဝင်ပါတယ်။ ပြင်ဆင်စရိတ်ထပ်မံပေးဆောင်ရန်မလိုပါဘူး။


Interior Design Consultation - အတွင်းပိုင်းအလှဆင်မှုအတွက်အကြံဉာဏ်ရယူနိုင်ခြင်း

သင့်ရဲ့ ရုံးခန်း / အိမ် / လုပ်ငန်းနဲ့လိုက်ဖက်မဲ့ ပရိဘောဂတွေပိုင်းအတွက်သာမက ပရိဘောဂအထားအသိုနဲ့ အတွင်းပိုင်းဒီဇိုင်းအတွက်လည်း ကျွန်တော်တို့ ဆယ့်ခြောက်ကိုးဆယ့်ခြောက် မှအခမဲ့ဆွေးနွေးတိုင်ပင်နိုင်တဲ့ဝန်ဆောင်မှုရှိပါတယ်။


Inquire about Stuff You Don’t See Online - Online မှာမတင်ထားတဲ့ ပစ္စည်းတွေအတွက်စုံစမ်းမေးမြန်းမှုပြုလုပ်နိုင်ခြင်း

ဆယ့်ခြောက်ကိုးဆယ့်ခြောက်မှ online  မှာ တင်ထားတဲ့ ပရိဘောဂဒီဇိုင်းတွေအပြင် အနာဂတ်မှာပြုလုပ်ဖို့ရှိတဲ့ ဒီဇိုင်များကိုလည်း တောင်းယူကြည့်ရှုနိုင်ပါတယ်။ ကျွန်တော်တို့က ပရိဘောဂ Collection များကို အမြဲချဲ့ထွင်ဖို့ ကြိုးစားနေတဲ့အတွက် မပြုလုပ်ရသေးတဲ့ ဒီဇိုင်းတွေ အမြဲရှိနေတတ်ပါတယ်။ သင့်စိတ်ကူးထဲက ဒီဇိုင်းတွေကို ပြုလုပ်ပေးနိုင်လားလို့ မေးဖို့လည်း ဝန်မလေးပါနဲ့။

 
 

ကျွန်တော်တို့ customer များ ဈေးဝယ်တဲ့အခါ အသက်သာဆုံးဖြစ်စေမယ့်နည်းလမ်းတွေကို ဆယ့်ခြောက်ကိုးဆယ့်ခြောက်မှ အစဉ်အမြဲစဉ်းစားလျက်ရှိပါတယ်။

ကျွန်တော်တို့ရဲ့ ဝယ်ယူသူတိုင်းအတွက် ပရိဘောဂကောင်းတွေကိုသာမက အခြားသောပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကိုပါပေးနိုင်ရန်အတွက် အစဉ်တစိုက်ကြိုးစားနေပါတယ်။


ချစ်ခြင်းများစွာဖြင့် 

ဆယ့်ခြောက်ကိုးဆယ့်ခြောက်