Be Bold, Behold, Mixed Materials in Furniture

 
 

When you enter an average Burmese home, what do you see? Wood, wood, and more wood. Parquet flooring, wooden cabinetry, wooden tables and chairs (rarely the comfiest), and sometimes some rattan or leather elements here and there. Sometimes a tile flooring. What you get as a result is borderline boring and zero charisma.

မြန်မာလူမျိုးတော်တော်များများရဲ့အိမ်ကိုသွားလည်ကြမယ်ဆိုရင် များသောအားဖြင့် သစ်သား ကျွန်းသားနဲ့လုပ်ထားတဲ့ ပရိဘောဂတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရမှာပါ။ ပါကေးကြမ်းပြင်ကစလို့ ဘီရို၊ စားပွဲ၊ ထိုင်ခုံ၊ ဖိနပ်စင် အားလုံး သစ်ရောင်ကျွန်းရောင်တွေနဲ့ဖြစ်နေတဲ့အပြင် တစ်ခါတစ်ရံ သားရေနဲ့ စပ်ဆက်ပြုလုပ်ထားတဲ့ ဆိုဖာတို့ ထိုင်ခုံတို့တွေ့ရတတ်ပါတယ်။ ထုထည်ကြီးမားပြီး ထိုင်ရတာသက်တောင့်သက်တာမရှိတဲ့ သစ်သားခုံတွေတွေ့ရတာတော့ ပရိဘောဂပြုလုပ်သူအတွက် အဆိုးဆုံးပါပဲ။ ရလဒ်ကတော့ အိမ်တွေဟာ တစ်ခုနဲ့တစ်ခု ထူးမခြားနားဖြစ်နေတာပါပဲ။

Marble and Brass Legs, Table from CB2

Marble and Brass Legs, Table from CB2

Wooden top with Metal Legs, from dwell.com

Wooden top with Metal Legs, from dwell.com

Why do mixed materials work?

Black metal frames with wooden shelving. A marble table suspended between metal frames. Fabric on wooden silhouettes. Rattan on stainless steel frames. At 16’96 Concepts, we challenge ourselves to craft classic pieces that are interesting and thoughtful -- pieces that cater to our daily needs in both functionality and self-expression.

Mixed materials in furniture works because each material has its own intimate story to tell. Wood, vintage-styled bricks, and rattan are elements that help create a warm, organic ambiance, and perhaps could be argued as more quintessentially Burmese. Marble is luxurious, sometimes casual, but often more statement. Glass, metals, concrete are more industrial and emanate a cooler tilt on the emotional scale. The interplay of these materials can bring out an unexpected dynamism to the overall narrative of the room.

Flag Halyard Chair from Rove Concepts

Flag Halyard Chair from Rove Concepts

ကိုယ့်ရဲ့အိမ်ကပရိဘောဂတွေကို သစ်သားတွေချည်းမဟုတ်ပဲ အခြားပစ္စည်းတွေကို ဘာဖြစ်လို့ ရောထည့်သွင်းအသုံးပြုသင့်သလဲ?

အကြောင်းရင်းကတော့ သံထည်၊ စတီး၊ သစ်၊ စကျဉ်၊ ကြိမ် စတာတွေနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂတွေကို ရောနှောပြီးအလှဆင်လိုက်ရင် ကြည့်ရတာ ရှင်းလင်းသေသပ်ပြီး ခေတ်မီတဲ့ ခံစားချက်ကိုပေးပါတယ်။ အနက်ရောင်သံထည်ဖရိန်နဲ့ သစ်သားစာအုပ်စင်၊ သံထည်ခြေထောက်စကျဉ်ကျောက်မျက်နှာပြင်နဲ့စားပွဲ၊ စတီးအောက်ခြေနဲ့ ကြိမ်ထိုင်ခုံတွေဟာ ခေတ်အဆက်ဆက်မရိုးနိုင်တဲ့ အလှနဲ့ ပေါင်းဖက်မှုကို ပေးနိုင်ပါတယ်။ ဒါကြောင့် ဆယ့်ခြောက်ကိုးဆယ်ခြောက်မှ မြန်မာအိမ်တွေနဲ့လိုက်ဖက်မဲ့ ခေတ်ဆန်ဆန် အရိုးဆုံးသည်အလှပဆုံးဖြစ်မဲ့ ပရိဘောဂတွေကိုဒီဇိုင်းဆွဲထုပ်လုပ်ဖို့အတွက် အမြဲတမ်းတီထွင်ကြံဆနေပါတယ်။

ကျွန်းသားတစ်မျိုးထဲနဲ့ အိမ်တွင်းပရိဘောဂအကုန်ပြုလုပ်ထားရှိမယ်ဆိုရင် တစ်ခန်းလုံး တစ်အိမ်လုံးဟာ အ၀ါရောင်ဖက်သာသမ်းနေပြီး အချိန်ကြာလာတဲ့အခါ အမြင်ရိုးလာတာမျိုးဖြစ်နိုင်ပါတယ်။ အိမ်တွင်း အလှဆင်ပစ္စည်းတွေနဲ့ ပရိဘောဂတွေကို တစ်မျိုးထက်ပိုတဲ့အရောင်တွေပစ္စည်းတွေပေါင်းစည်းထားရင် သာမန်ထက်ပိုထက် ဆွဲဆောင်မှုကိုပေးနိုင်ပါတယ်။ အနက်ရောင်သံထည်ရဲ့ တောင့်တင်းခိုင်မာလေးနက်မှု၊ Satin Walnut (Wood Finish) လိုမျက်စိအေးစေတဲ့ အညိုရောင့်ရောင်တွေဟာ ဆန်းသစ်တဲ့ ပြီးပြည့်စုံမှုကို ပေးမှာပါ။ ဒါ့အပြင် စကျဉ်ကျောက်ရဲ့ ခမ်းနားမှု၊ ကြိမ်ရဲ့ နွေးထွေးမှု၊ ရှေးဟောင်းဆန်တဲ့ အုတ်ကာလာဒီဇိုင်းတွေက ရိုးစင်းတဲ့အမြင်ရှိပေမဲ့ အရည်အသွေးမြင့်တဲ့ ဖန်တီးမှုကိုပေးနိုင်ပါတယ်။ ဖန်၊ စတီး၊ သံတွေက စက်မှုလုပ်ငန်းကဲ့သို့ အကြမ်းထည်ခံစားချက်ကိုအဓိကပေးပေမဲ့ အေးမြတဲ့အရောင်ပစ္စည်းနဲ့ တွဲဖက်လိုက်ရင် နယူးယောက်မြို့ကို ရောက်သွားသလိုခံစားချက်မျိုးကိုရနိုင်ပါတယ်။ ဒီလို သဘာဝမတူညီတဲ့ ပစ္စည်းတွေ ကာလာတွေကို ရောနှောလိုက်တဲ့အခါ ကိုယ်တစ်ခါမှ မတွေးဖူး မမြင်ဖူး စိတ်မကူးဖူးတဲ့ ကောင်းမွန်တဲ့ရလဒ်ကို အမှတ်မထင်ရမှာပါ။

Thit Thee Collection, from 16’96 Concepts

Thit Thee Collection, from 16’96 Concepts

Don’t be afraid. Pursue what your stirs your soul. Functionality usually overrides all other factors, but you don’t always have to compromise on your aesthetic for practical decisions. Have fun experimenting with different colors, textures, layers. Mixing materials in your home will better help express who you are and how you want to feel at the beginning and end of each day.

 

ကိုယ်မသုံးဖူးတာ မမြင်ဖူးတာဆိုတဲ့ အချက်တွေကြောင့် သစ်သားကျွန်းသားမဟုတ်တဲ့ ပစ္စည်းတွေကို သုံးဖို့ မတွန့်ဆုတ်ပါနဲ့။ ကိုယ်ရဲ့အနက်ရှိုင်းဆုံးစိတ်ခံစားချက်ကို စူးစမ်းရှာဖွေပြီး ကိုယ်နေတဲ့ အခန်း၊ အိမ် နဲ့ အခြားသော နေရာတွေမှာ ကိုယ်ပိုင်စတိုင်ကို ဖော်ထုတ်ပြသတာဟာ ပျော်ဖို့ကောင်းတာပါတယ်။ အသုံးဝင်မှုဟာ တစ်ခါတစ်ရံ မျက်စိပဒဿလှဖို့ထက်ပိုအလေးပေးရတဲ့အခါတွေရှိပေမဲ့ အမြဲတမ်း အသုံးဝင်မှုကိုပဲရှေ့တန်းတင်ပြီး မိမိရဲ့  အတွင်းစိတ်ကို ဖော်ကျူးဖို့ကို မမေ့ပါနဲ့။ ကွဲပြားတဲ့ အရောင်၊ ဒီဇိုင်း၊ ပစ္စည်းတွေနဲ့ တွဲဖက် ပြုလုပ်ထားတဲ့ ပရိဘောဂနဲ့ အလှဆင်ပစ္စည်းတွေကို မိမိစိတ်ကြိုက် ပေါင်းစပ်အသုံးပြုခြင်းဟာ ကိုယ်ပိုင်အမှတ်အသားကို ဖော်ထုတ်ပြနိုင်တဲ့အပြင် တစ်နေ့နဲ့တစ်နေ့ လိုချင်တဲ့ ကွဲပြားခြားနားတဲ့ ခံစားချက်တွေကို မရိုးအီသွားအောင်ပေးနိုင်မှာပါ။